လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး

လှိုင်သာယာ(အရှေ့ပိုင်း)  ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်   မြို့နယ်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျော့ချရေးနှင့် ကျောင်းနေကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အ.ထ.က ကျောင်း(၈)နေရာ တို့တွင် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံလျက်ရှိသည်။

 ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံမှုတွင် အခြေခံပညာကျောင်း (၂၇) ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား  ကာကွယ်ဆေးကို ထိုးနှံပေးလျက် ရှိသည်။

ထိုသို့ ဒုတိယအကြိမ် ၁၂ နှစ်အထက် ကျောင်းသူကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်တုံ့ပြန်ရေး အထောက်အကူပြု အဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယ)အကြိမ် ထိုးနှံပေးလျက်ရှိကြောင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှု  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)