ဗဟန်းမြို့နယ်၌ ရပ်ကွက်အလိုက် အသက်(၁၈)နှင့်အထက်ရှိသူများကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည့် အစီအစဉ်အား​ အများပြည်သူများသိရှိရန်​ ကြေညာ

ရန်ကုန် ဒီဇင်ဘာ ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ဆက်လက် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုများ အလိုက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် ရဟန်း၊ သံဃာတော်များ၊ သီလရှင်ဆရာလေးများ နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို ဗဟန်းမြို့နယ် ကြား​တောရလမ်းရှိ မင်္ဂလာ​စျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံ တို့တွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများ ထိုးနှံ ဆောင်ရွက်​ပေးလျက် ရှိသည်။

ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း (၂၂)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို ရပ်ကွက်အလိုက် အသက်(၁၈)နှင့်အထက်ရှိ သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေးမည့် အစီအစဉ်များတွင် ယနေ့ နံနက် ၉နာရီမှ ၁၁နာရီအထိ ငါးထပ်ကြီး​တောင်ရပ်ကွက်နှင့် နံနက် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ ငါးထပ်ကြီး​မြောက်​ရက်ကွက်တွင်လည်း​ကောင်း၊ ဒီဇင်ဘာ(၃)ရက်​နေ့တွင် နံနက် ၉နာရီမှ ၁၁နာရီအထိ ဆရာစံ​မြောက်အ​ရှေ့ရပ်ကွက်နှင့် နံနက် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိကြား​တောရရပ်ကွက်တွင်လည်း​ကောင်း၊ ဒီဇင်ဘာ(၄)​နေ့တွင် နံနက် ၉နာရီမှ ၁၁ နာရီအထိ ဆရာစံ​တောင်နှင့် နံနက် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ အ​နောက်​ရွှေဂုံတိုင် ရပ်ကွက်တွင်လည်း​ကောင်း ဒီဇင်ဘာ(၆)ရက်​နေ့တွင် နံနက် ၉နာရီမှ ၁၁နာရီအထိ ဆရာစံ​မြောက်အ​နောက်နှင့် နံနက် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ သာသနာ့ရိပ်သာရပ်ကွက်တွင် လည်း​ကောင်း၊ ဒီဇင်ဘာ(၇)ရက်​နေ့တွင် နံနက် ၉နာရီမှ ၁၁နာရီအထိ ငါးထပ်ကြီးအ​နောက်နှင့် နံနက် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ အအလယ်​ရွှေဂုံတိုင် ရပ်ကွက်တွင်လည်း​ကောင်း၊ ဒီဇင်ဘာ(၈)ရက်​နေ့တွင် နံနက် ၉နာရီမှ ၁၁နာရီအထိ​ရေတာရှည် ရပ်ကွက်နှင့် နံနက် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ​ ရွှေနံ့သာရပ်ကွက်တွင် လည်းကောင်း၊ ဒီဇင်ဘာ (၉)ရက်နေ့တွင် နံနက်၉နာရီမှ ၁၁နာရီအထိ ဆရာစံရပ်ကွက်နှင့် နံနက် ၁၁နာရီမှ မွန်းလွဲ ၂နာအထိ မြို့မရပ်ကွက်တို့တွင်လည်းကောင်း ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ကြောင်း အများပြည်သူများ သိရှိနိုင်ရန် ထုတ်ပြန်​ကြေငြာထား​ကြောင်း သိရသည်။

ကာကွယ်​ဆေးထိုးနှံမည့် အသက်(၁၈)နှစ်ပြည့် သူရဟန်းရှင်လူပြည်သူများ အနေဖြင့် ရဟန်းသံဃာနှင့် သီလရှင်ဆရာ​လေးများသည် သာသနာ့ဝင်စိစစ်​ရေး ကတ်ပြားများနှင့် လူပုဂ္ဂိုလ်များအ​နေဖြင့် နိုင်ငံသားစိစစ်​ရေး ကတ်ပြားမူရင်းနှင့် အိမ်​ထောင်စုဝင်စာရင်းမူရင်း ရှိသူများကိုသာ ကာကွယ်​ဆေးထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်းနှင့် ရဟန်းသံဃာ​တော်၊ သီလရှင်ဆရာ​လေးများကို ရပ်ကွက်အလိုက် သတ်မှတ်ထား​သော နေရာများတွင် ကာကွယ်​ဆေးများ ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်း သိရှိရသည်။

​အောင်မြင့်(ပြန်/ဆက်)