ရမ်းဗြဲ ဒီဇင်ဘာ ၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦစီးဌာနမှ ရုံးဝန်ထမ်း များဗဟုသု တိုးပွားပြီး စာပေဖတ်ရှုလေ့လာသည့် အလေ့အထကောင်းများဖြစ်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင် နိုင်ရေးအတွက် စာဖတ်ဝိုင်းကိုပြုလုပ်ဆောင်ရွက်ကြပါသည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ဒို့ကျေးရွာဂျာနယ် အတွဲ - ၁၈၊ အမှတ် - ၂၂ ပါ စာရေးဆရာ ချစ်နိုင် ရေးသားသည့် စာရိတ္တမဏ္ဍိုင်ခိုင်ပါစေ ဆောင်ပါးကို စာဖတ်ဝိုင်ပြုလုပ်ကြပါသည်၊ ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နောင်ထွန်းမှ ရုံးဝန်ထမ်းများ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာတိုးပွားလာစေရေး နှင့် ဝန်ထမ်းအချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အထများကောင်းများဖြစ်ပေါ်လာစေရေး ကိုရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရကြောင်းတို့ကို ရှင်းလင်းပြောကြားပါသည်၊ ၎င်းနောက် စာရေးဆရာချစ်နိုင်ရေးသား သည့် စာရိတ္တမဏ္ဍိုင်ခိုင်ပါစေ ဆောင်ပါးကို စာကြည့်တို့မှူး ဦးမောင်ကြည်မှ ဖတ်ကြားကာ ရုံးဝန်ထမ်းများမှ အပြန်အ လှန်ဆွေးနွေးပေးကြပါသည်။
အဆိုပါစာဖတ်ဝိုင်းပြုလုပ်ခြင်းကို လူလုအခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် တစ်လလျှင်(၂) ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်နိုင် (ပြန်/ဆက်)