သိန္နီမြို့နယ်၌ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေး

သိန္နီ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၌  ဦးတည်အုပ်စုများအလိုက်  ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ယနေ့နံနက်(၈)နာရီ အချိန့်က သာသနာ့ဗိမာန်တွင် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးမထိုးမီ စာရင်းပေးသွင်းခြင်း၊ အပူချိန်တိုင်းတာ ပေးခြင်းနှင့်သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီးပုံမှန်အခြေ အနေဖြစ်မှသာ ဦးတည်အုပ်စုများအလိုက်  ကာကွယ်ဆေးထိုးရန်  ကျန်ရှိသူပြည်သူ များအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေလွယ်ကူစေရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အိဇာချို(ပြန်/ဆက်)