ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျောက်ဆည် ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသည့် ပြည်သူများ ယနေ့နံနက်(၉)နာရီခွဲက စတုတ္ထအသုတ်(ပထမ)အကြိမ်နှင့် တတိယအသုတ် (ဒုတိယ) အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို နေရာ(၂)နေရာခွဲပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်းကာ ပြည်သူများ စိတ်အေး ချမ်းသာစွာရှိစေရေး  စနစ် တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး နိုဝင်ဘာ(၁၁)ရက်နေ့မှစတင်ပြီး စတုတ္ထအသုတ်(ပထမ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံက်(၉)နာရီ အချိန်အထိ ပြည်သူ(၁၄၂၃၇)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေး ပြီးဖြစ်ကြောင်း  သိရှိရသည်။

တတိယအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အောက်တိုဘာ(၁၂)ရက်နေ့မှ စတင်ပြီး ထိုးနှံပေးလျက်ရှိရာ သံဃာတော်နှင့်သီလရှင်(၇၃)ပါး၊ အစိုးရကျန်းမာရေးဝန်ထမ်း(၁)ဦး၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း(၁၁)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်(၃)ဦး၊  နိုင်ငံဝန်ထမ်း (၁၂၈)ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်း(၁၄၀)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ကိုင်သူ(၁၅၂)ဦး၊ ဟိုတယ်/ တည်းခိုခန်းလုပ်ကိုင်သူ(၄)ဦး၊ ပုဂ္ဂလိက ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူ(၁၇)ဦး၊ ပုဂ္ဂလိကပညာရေးဝန်ထမ်းဝန်ထမ်း (၁၆) ဦး၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်(၆)ဦး၊ အခြား ဝင်ငွေရ ပြည်သူ(၇၁၇၈)ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူ (၁၈) ဦး၊ မှီခိုပြည်သူ (၂၆၁၅) ဦး၊  မသန်စွမ်းသူ(၃)ဦး၊ စုစုပေါင်း (၁၀၃၆၅)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးပြီးဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)