ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

မိုင်းယန်း       ဒီဇင်ဘာ        ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းမှ အသက် ၁၀ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက  အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းယန်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုင်းသောင်းရွှေနှင့် တာဝန်ရှိသူများက မိုင်းယန်းမြို့၊ မွန်ကဲရပ်ကွက် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှ အသက်(၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တစ်ဦးချင်းပေးအပ်ပြီး “လူမူဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)