ရန်ကုန် ဒီဇင်ဘာ ၂
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အကူအညီလိုအပ်သော ပြည်သူများထံ အိမ်အရောက် သွားရောက် ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်အတွင်းမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက လူနာတင်ယာဉ်သုံးစီးဖြင့် အိမ်အရောက် ကျန်းမာရေး စောင့်ရှောက်မှုများကို ၂၄ နာရီ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
ထို့အပြင် ကြက်ခြေနီအသင်း(အင်းစိန်) အနေဖြင့် လစဉ် ၂၁ ရက်နေ့မှ လအကုန်အထိ အင်းစိန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာထုတ်ကြသည့် သက်ကြီးဘိုဘွားများကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ဇွဲထက်ကို(ပြန်/ဆက်)