မန်ကန် ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့် အထက် ဒေသခံ ပြည်သူများအား မန်ကန်မြို့ အခြေခံပညာအလယ်တန်းခွဲကျောင်း-ငှက်ကာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ကို ယနေ့ နံနက် ၉နာရီအချိန်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မန်ကန်မြို့၊ ငှက်ကာကျေးရွာအုပ်စုရှိ အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူ (၁၀၅)ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး မထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဓာတ မတည့်သည့်ဆေး ရှိ/မရှိနှင့် သွေးမတိတ်ရောဂါ ရှိ/မရှိ မေးမြန်းပြီးမှသာ မန်ကန်မြို့ ကျန်းမာ ရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်နှင့် အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများကိုလည်း (Sinopharm) အမျိုး အစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထပ်မံထိုးနှံပေးသွားမည်ဟု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ ဥက္ကဋ္ဌ မြို့စီမံအုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း ၏ ပြောကြားချက်အရ သိရသည်။
မန်ကန် (ပြန်/ဆက်)