ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနှိုးဆော်

ကွမ်းလုံ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုကို ထိန်းချုပ် ကာကွယ် နိုင်ရန်အတွက် ယနေ့မွန်းလွဲ(၁) နာရီအချိန်က ကိုဗစ်-၁၉ရောဂါ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကွမ်းလုံမြို့ပေါ်(၆)ရပ်ကွက်သို့ အသံချဲစက်ဖြင့် လိုက်လံ နှိုးဆော်ခဲ့သည်။

ထိုသို့နှိုးဆော်ရာတွင် ကွမ်းလုံမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အိမ်ဆိုင်များ၊ ဖုန်းဆိုင်များ၊ ဆိုင်ကယ်အရောင်းဆိုင်များ၊ ဆိုင်ကယ်ဝပ်လျော့၊ ကားဝပ်လျော့၊ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်များ၊ အခြေခံစားသောက်ကုန်ဆိုင်များ၊ ကုန်စုံဆိုင်၊ ဟင်းသီးဟင်းရွက်၊ သားငါး အရောင်းဆိုင်၊ ရွှေဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ အလှကုန်ဆိုင်၊ အဝတ်အထည်ဆိုင်၊ ဆံပင်ညှပ် ဆိုင်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်များအားလုံး ၁၄-၁၂-၂၀၂၁ရက်နေ့အထိ နေ့စဉ် နံနက်(၆)နာရီမှ ညနေ(၁၈) နာရီအချိန်ထိသာ ဖွင့်လှစ်ရောင်းချသွားရန်၊ ဈေးဆိုင်များနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် ကိုဗစ်-၁၉ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးသူများ သာ ဈေးရောင်းချခြင်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသူ များ အားလုံး လုံးဝဈေးရောင်းချခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများမပြုလုပ်ရန်၊ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင် ခေါက်ဆွဲဆိုင်နှင့် အလားတူဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်၊ တည်းခိုခန်း များအနေဖြင့် တည်းခိုရန်လာရောက်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ်ထိုးပြီးကြောင်း လက်မှတ်ပါရှိမှသာ တည်းခိုခွင့်ပြုရန် နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ လာရောက်တည်းခိုသူများရှိပါက ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ သတင်းပေးပို့တင်ပြသွားရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဉပဒေအရ အရေးယူဆောင်ရွက် သွားမည်ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)