ရမည်းသင်း ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သဲချောင်းကျေးရွာတွင် နံနံပင်ကို စီးပွားဖြစ် စိုက်ပျိုး လျက်ရှိရာ ယခုနှစ်မှာတော့ စိုက်ပျိုး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နံနံပင်ကို တစ်ဧကခွဲကို မျိုးစေ့ထုတ် (၆၀) စိုက်ပျိုးထားပြီး စိုက်ပျိုးချိန်မှ ရောင်းရအချိန်အထိ ၄၅ ခန့်ကြာပြီး မျိုးဖိုး၊ ရေပိုက်သွယ် တန်းခ၊ဓာတ်မြေသြဇာဖိုး၊ ပိုးသတ်ဆေးဖိုး၊ အလုပ်သမားခ စုစုပေါင်း သိန်းသုံးဆယ်ခန့်ကုန်ကျကြောင်း မျိုးစေ့ (၁)ထုတ်စိုက်ကို နံနံကောင်းရင် ပိဿာချိန် (၄၀) လောက် ထွက်တယ် မကောင်းရင် (၃၅) လောက်တော့ ထွက်တယ် နံနံလှရင်လှသလိုစျေးရကာ နံနံတစ်ပိဿာကို ၅၀၀ ကျပ်ဖြင့် အခင်းပြတ်ပွဲးစားကိုရောင်းချရသည့်အတွက် သိန်းလေးဆယ်၊ ငါးဆယ်လောက် ပြန်ရပါ တယ် ဒီနှစ်မှာ နံနံစိုက်သူတွေပဲ အဆင်ပြေပါတယ်ဟု နံနံစိုက်ပျိုးသူ ဒေါ်ဇင်မာထံက သိရသည်။
ခရိုင် ပြန်/ဆက် (ရမည်းသင်း)