နောင်ချို ဒီဇင်ဘာလ ၂ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည် ရွယ်၍ Onlineမှတစ်ဆင့်အသိပညာပေးအစီအစဉ်များကိုစဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆေးရောင်လှလှခြယ်ကြမယ် အစီအစဉ်ကို ရိုက်ကူးထုတ် လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံး စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊သမီးငယ်လေးများအတွက် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက Oline မှ တစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက် အစီအစဉ် ၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြောခြင်း အစီအစဉ်၊ ကဗျာလေးတွေ ရွက်ကြမယ် အစီအစဉ်၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကိုစဉ်ဆက်မပြတ် နောင်ချိုပြည်သူ့စာကြည့် တိုက် Page မှတစ်ဆင့် တင်ဆက်
ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)