ဇမ္ဗူသီရိ ဒီဇင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် “အမျိုးသမီးများကို ကာကွယ်ပေးထားသော ဥပဒေများနှင့် ပတ်သက်သည့် အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက “အမျိုးသမီးများကို ကာကွယ်ပေးထားသော ဥပဒေများနှင့် ပတ်သက်သည့် အသိပညာပေး” Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန် တက္ကသိုလ်) တို့က အမျိုးသမီးများအပေါ် အကာအကွယ်ပေးထားသော ဥပဒေပုဒ်မ အကြောင်းအရာများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ အမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် ထိပါးနှောက် ယှက်မှုများနှင့် အိမ်တွင်း အကြမ်းဖက်မှုများ ကြုံတွေ့လာရပါက ဥပဒေအရ အကာအကွယ်ပေးနိုင်မှု အခြေအနေများ စသည့် အကြောင်းအရာများအား ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)