နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျစေရန် အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

နောင်ချို    ဒီဇင်ဘာ    ၂ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ယမန်နေ့ ညနေ ၄ နာရီအချိန်စ၍ မြို့ပေါ်ရပ်ကွက်နှင့်ကားလမ်းမကြီးတစ်လျှောက်သို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ယာဉ်ကြီး ကြပ်မှုကော်မတီ၊ မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ စဉ် ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား လိုက်နာကြရန်၊ တတ်နိုင်သမျှ အိမ်မှာနေရန်၊ မဖြစ်မနေ အရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှာခေါင်းစည်း(Mask)မဖြစ်အနေတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ရန်၊  အချင်းချင်း အသိပေး/သတိပေးရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောကြရန်၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တတ်စွမ်းသရွေ့ စနစ်တကျပါဝင်ပူးပေါင်း ဆောင်ရွက်ကြရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍  စစ်ဆေးကုသမှုခံ ယူကြရန် အသိပေးနှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)