ကော့မှူး ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိသော အသက်(၁၂)နှစ်အထက် အလယ်တန်း/ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)(ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က ကော့မှူး၌ ထိုးနှံပေးနေကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကာကွယ်ဆေး မထိုးမီ ကျောင်းသား/ကျောင်းသူများအား စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ပေးကြသည်။ ဆေးထိုးပြီးကျောင်းသား/ကျောင်းသူ များအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့များဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ အင်တိုက်အားတိုက် ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိသည့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါစို့ ဆောင်ပုဒ်နှင့် အညီ အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ရှိဆေးထိုးရန် ကျန်ရှိနေသေးသော ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်စုရပ်နေရာများ၌ ထိုးနှံ ပေးနေကြောင်း သိရသည်။
ကော့မှူး ပြန်/ဆက်