ကလောမြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ

ကလော ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၅ (ဟဲဟိုးချိုင့်ဝှမ်း စီမံကိန်းကွင်း)၊ ဦးပိုင်အမှတ်(၉၅)၊ ဧရိယာ(၁.၉၅) ဧကရှိ တောင်သူ ဦးတင်ဝင်း၏ မိုးစပါး(လယ်) နံ့သာမွှေး(Basamati) စပါးမျိုးအား နိုဝင်ဘာနောက်ဆုံးအပတ်တွင် စပါးရိတ်သိမ်းချွေလွင့်စက်ဖြင့် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါး-စံကွက်ရိမ်သိမ်းပွဲသို့ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး၊ ကလောမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးနှင့် ဝန်ထမ်း များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဝါးရုံပင်ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များပူးပေါင်း၍  စံကွက်အရွယ်အစား (၀.၁၀) (၆၆x၆၆) ပေ ဧကအား စပါး ရိတ်သိမ်းချွေလွင့် စက်ဖြင့်လည်းကောင်း၊ စံကွက်အရွယ်အစား (၀.၀၀၁) (၆.၆x၆.၆) ပေ စံကွက် ငယ် (၃) ကွက်တို့အား ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း (၅၉.၆၇) တင်း (ကောင်းအဆင့်အတန်း) ထွက်ရှိကြောင်း သိရသည်။

ကလောမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ခုနှစ်၊ မိုးစပါးစိုက်ဧက (၃၃၃၈၅) ဧက စိုက်ပျိုးခဲ့ပြီး၊ ဈေးကွက် ရှိသော နံ့သာမွှေး (Basamati) စပါးစိုက်ဧက(၉၅)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)