အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေး

ကျိုက်မရော ဒီဇင်ဘာ ၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အသက်တစ်နှစ်မှ မွေးကင်းစကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီမှစတင်ကာ အောင်သုခရပ်ကွက်ရှိ ကျန်းမာရေး ဆေးခန်း၌ ဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသက်တစ်နှစ်အောက် ကလေးငယ်များအား ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်း၊ အသည်းရောင် အသားဝါ(ဘီ) ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ စသည့် ငါးမျိုးစပ် ကာကွယ်ဆေးများ၊ အသက်အရွယ်အလိုက် ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်းနှင့် ဆေးတိုက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများမှ လစဉ်ပုံမှန် ဆောင်ရွက်ပေး လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များ သာမက ကျေးရွာအုပ်စုများထိ ဆေးထိုးစုရပ်များ ထားရှိကာ သက်ဆိုင်ရာ နယ်မြေခံကျန်းမာရေး ဝန်ထမ်းများက လှည့်လည် ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေး မထိုးရသေးသည့် ကလေးငယ်များအား သက်ဆိုင်ရာ ကျန်းမာရေး ဌာနခွဲများတွင် သွားရောက်ထိုးနှံကြရန် ကလိုင်းကနိုင်ကျေးရွာ ကျန်းမာရေးဌာနခွဲမှ ဘက်စုံသားဖွား ဆရာမ ဒေါ်နီနီအေးထံမှ ပြောသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)