ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး

ကျောက်ဖြူ  ဒီဇင်ဘာ ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင် ကာကွယ်ရေးများ ပြုလုပ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုး ချစ်နိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက စေတီတောင်ရပ်ကွက်ရှိ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ကာ သွယ်တန်းထားရှိသော ဝါယာကြိုးများ ပေါက်ပြဲဆွေး မြေ့နေမှုရှိ/မရှိ၊ မီးသုံးစွဲမှု စနစ်တကျရှိ/မရှိ၊ အရေးပေါ် မီးသတ်ဆေးဗူးများ ထားရှိမှု ရှိ/မရှိ၊  မီးသတ်ကတ်များ၊ မီးသတ်ခွင်းများနှင့် အရေးပေါ် မီးငြှိမ်းသတ်နိုင်ရန် ရေလှောင် ကန်များတွင် ရေသိုလှောင် ထားရှိမှု ရှိ/မရှိတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်အလက်များအား လိုက်နာကြရန် မှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း (ပြန်/ဆက်)