တွံတေး ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက ကလေး ငယ်များအား ပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် မွေးကင်းစမှ အသက် ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လ၊ ၁ နှစ်ခွဲအရွယ် ကလေးငယ်များကို ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါး (ဘီ)၊ ဦးနှောက်အမှေး ရောင်ရောဂါစသည့် ငါးမျိုးစပ် ကာကွယ် ဆေးများကိုကလေးငယ်များ၏ အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးခြင်း၊ ပိုလီယို အစက်ချဆေး တိုက်ကျွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် မေးခိုင် ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(ပြန်/ဆက်)