မောက်မယ်မြို့နယ်၌ အထူးစီမံချက်ဖြင့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိ

မောက်မယ် ဒီဇင်ဘာ ၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ် − ၁၉ ရောဂါ ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ ဦးဆောင်၍ အထူးစီမံချက်အရ ပူးပေါင်းအဖွဲ့မှ ယနေ့နံနက် ၇ နာရီကစတင်ပြီး မြို့အဝင်/ အထွက် စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို အထူး ကြပ်မတ် ဆောင်ရွက်ခဲ့သည်။  

အဆိုပါ အထူးကြပ်မတ်ဆောင်ရွက်နေမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့မှ လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများအား ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများ အသိပညာပေးပြီး လမ်းသွား လမ်းလာပြည်သူများအား Mask များကို စနစ်တကျတပ်ဆင်ခြင်း ရှိ/မရှိ ၊ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး/မပြီး စစ်ဆေးခြင်း၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ချက်ချင်းစာရင်းကောက်ယူ၍ ကာကွယ် ဆေးထိုးစင်တာဖြစ်သည့် စျေးတန်းရပ်ကွက်အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် သွားရောက်ထိုးနှံရန်စသည့် စစ်ဆေးခြင်းလုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)