ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု တားဆီးကာကွယ်ရေး အသိပေးနှိုးဆော်

ညောင်ရွှေ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို အများပြည်သူ သိရှိနိုင်စေရန်အတွက် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်ကိုင်အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ပြီး တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ရေး၊ အပြင်ထွက် တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး၊ အခြားသူများနှင့် ခြောက်ပေအကွာ ခပ်ခွာခွာ နေထိုင်ရေး၊ လူစုလူဝေးပြုလုပ်ခြင်း ရှောင်ကြဉ်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ကို ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သတ်မှတ် ဆေးထိုးစုရပ်များတွင် ထိုးနှံနိုင်ရေးတို့ကို အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ