မိုင်းပျဉ်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း ဒီဇင်ဘာ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် နိုဝင်ဘာလ၂၂ရက်နေ့မှစ၍ ဒီဇင်ဘာ (၁) ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းလျှန်းအုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သော ပန်မတ်(၂)၊ ပန်ခိုင်း၊ နမ့်ပူစသည့် ကျေးရွာတို့ကို မိုင်းလျှန်း ကျေးရွာ၌ပင် အခြေပြု၍ နိုင်ငံသားစိစစ်ရေးကတ်(၄၂၆) ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၇၀) စုတို့ကို  ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းကို မြို့နယ်လ.၀.ကမှူး ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်သန္တာအောင်၊(ပြန်/ဆက်)