ကမာရွတ်မြို့နယ်တွင် အမှတ်(၄)၊ အမှတ်(၆)နှင့် အမှတ်(၇)ရပ်ကွက်များသို့​ (Mobile Market) စျေးကားများ လာ​ရောက်​ရောင်းချ

ရန်ကုန် ဒီဇင်ဘာ ၁

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​​ရေးအဖွဲ့၏ စီမံမှုဖြင့် ယ​နေ့ နံနက်(၇)အချိန်မှ စတင်၍ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ၊ ဆန်ကုန်သည်များအသင်းမှ ဦးဆောင်၍ (Mobil  Market)​ စျေးကားများဖြင့် အမှတ်(၄)ရပ်ကွက် သ​င်္ဘောကျင်းအိမ်ရာ၊ အမှတ်(၆) ရပ်ကွက်ရဲစခန်းဝင်းနှင့် အမှတ်(၇)ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာအတွင်း​ နေထိုင်ကြ​သော ပြည်သူများ အား မျှတသင့်တင့်​သော​ စျေးနှုန်းနှင့် သက်သာအဆင်​ပြေ​စေရန်၊ ကိုဗစ်-၁၉​ရောဂါကူးစက်ပြန့်ပွားမှု အထိုက်အ​လျှောက် ကာကွယ်နိုင်ရန်နှင့် မြို့နယ်နေပြည်သူများ၏ မီးဖို​ချောင်လိုအပ်ချက်များကို ဖြည့်ဆည်း​ပေးနိုင်ရန်၊ လူစုလူ​ဝေး များပြား​သော ​နေရာများသို့ သွား​ရောက်ခြင်း​ရှာင်ရှားနိုင်ရန် ရည်ရွယ်၍ စား​သောက်ကုန်များကို ကိုဗစ်-၁၉ ကာလ လမ်းညွှန်ထား​သော စည်းကမ်းချက်များနှင့် အညီ​ရောင်းချ​ပေးခဲ့သည်။

​ရွေ့လျှား​စျေးကား (Mobil  Market) ယာဉ်များဖြင့် သန့်ရှင်လတ်ဆတ်၍ ကျန်းမာ​ရေးနှင့် ညီညွတ်​သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် သား၊ ငါးများ​ ရောင်းချ​ပေးခဲ့ရာ ထိုသို့​ရောင်းချ​ပေးရာသို့ မြို့နယ်စည်ပင်သာယာ​ရေး ​ကော်မတီအုပ်ချုပ်​ရေးမှူးနှင့် အဖွဲ့ဝင်များမှ စနစ်တကျ စည်ကမ်းရှိရှိ ကြပ်မတ်၍​ ရောင်းဝယ်​ဆောင်ရွက်နိုင်​အောင် စီစဉ်​ဆောင်ရွက်​ပေးကြပြီး ရပ်ကွက်​နေပြည်သူများက လည်း စိတ်ချမ်း​မြေ့စွာ စည်းကမ်းတကျ တန်းစီ၍ ဝယ်ယူအား​ပေးခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)