နမ့်စန်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဂဟေဆက်သင်တန်းဖွင့်လှစ်

နမ့်စန်()      ဒီဇင်ဘာ  ၁

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံဂဟေဆက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မိုးက  အဖွင့်အမှာစကား ပြောကြား ခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်ဇော်မျိုးထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးဝင်းထွန်းက သင်တန်းပို့ချမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာက အခြေခံဂဟေဆက်နည်းများကို သင်တန်းသားများ အား လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မိုး ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ဇော်မျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခြေခံဂဟေဆက် သင်တန်းကို ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြင့် မိသားစုဝင်ငွေ တိုးတက်ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့် လောင်းကစားများဘက်သို့ လမ်းမှားမရောက်စေဘဲ အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလ ၁ လ ဖွင့်လှစ်ပို့ချမည်ဖြစ်ကာ အဆိုပါသင်တန်းကို အမှတ်(၅)ကျေးရွာအုပ်စုနှင့်ဝမ်ပုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ ဦး တက်ရောက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနထံမှ သိရသည်။      

မြို့နယ်(ပြန်/ဆက်)