တံတားဦးမြို့နယ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများ၏ ရင်တွင်းစကားသံများ

တံတားဦး  ဒီဇင်ဘာ  ၁

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဆရာတော်၊ သံဃာတော်များ၊ အစိုးရပုဂ္ဂလိက ဝန်ထမ်းများ ၊ လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို နေ့စဉ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရပါတယ်-

ကာကွယ်ဆေးထိုးနှံပေးတဲ့နေရာမှာ အဓိကလုပ်ဆောင်နေတဲ့ အထွေထွေအုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ကျန်းမာရေးဝန်ထမ်းများ၊  လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများနဲ့ ကာကွယ်ဆေးလာရောက် ထိုးနှံကြတဲ့ ဒေသခံပြည်တွေရဲ့ ရင်ထဲပီတိစကားသံများကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ်-

ကိုနန္ဒ (၂၇)နှစ် (စက်ဘီးပြုပြင်ရေး)

တံတားဦမြို့နယ် ဈေးချိုကျေးရွာအုပ်စု ၊ မှော်ကွန်းရပ်

မေး။   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခွင့်ရတဲ့အတွက်၊ အစ်ကိုရဲ့ခံစားမှုကို သိပါရစေ။

ဖြေ။    အခုလိုကာကွယ်ဆေးထိုးနှံလိုက်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာတယ်လို့ ခံစားမိပါတယ်။ အစ်ကိုရဲ့ အသိမိတ်ဆွေထဲမှာ အစ်ကိုနဲ့ သက်တူရွယ်တူ အတန်းတူ သူငယ်ချင်းတွေကို ကာကွယ်ဆေးမထိုးရ‌သေးတဲ့အတွက် စိုးရိမ်မိပါတယ်။

မေး၊    ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံဖြစ်တဲ့ အကြောင်းလေး ပြောပြပေးပါလား။

ဖြေ။    အဲ့ဒီရောဂါကြီး ဖြစ်မှာကြောက်လို့ပါ။ဒီဆေးထိုးထားလို့ ဖြစ်ခဲ့ရင်တောင်ရောဂါမပြင်းထန်ပါဘူး၊။ ဆေးရုံတက်ရတဲ့အဆင့် မရောက်ဘူးလို့ ကြားသိရပါတယ်။ အဲဒါကြောင့် အစ်ကိုဆေးထိုးချင်တဲ့ ဆန္ဒပြည့်ဝသွားပါပြီး။ ခုလိုကူညီဆောင်ရွက်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။

မရွှေစင်ဦး(၃၄)နှစ် (အရောင်းအဝယ်)

တံတားဦးမြို့နယ် ၊ ပန်းယျကျေးရွာ။

မေး။   အစ်မအနေနဲ့ အခုကာကွယ်ဆေး ထိုးပြီးပြီဆိုတော့ ဘယ်လိုခံစားရလဲ ၊ ပြီးတော့ ဒီကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပေါ် ဘယ်လောက်ထိ ယုံကြည်မှုရှိပါလဲ ပြောပြပေးပါလား။ ။

ဖြေ။    အခြားမြို့တွေမှာ ထိုးနှံနေပြီကြားကတည်းက အစ်မကာကွယ်ဆေးထိုးနှံနေချင်တာ ၊ဒီရောဂါ ဖြစ်လာခဲ့ရင်အနိုင်ယူမယ်ပေါ့ ဘာညာပြောနေကြတယ်၊ ဒီဆေးအပေါ် အပြည့်အဝယုံကြည်ပါတယ်၊ ဒီနေ့ ဆေးရုံကြီးမှာဆေးလာထိုးတဲ့ သူတွေလည်းအများကြီးပဲ ၊ ကိုယ့်အလှည့်ရောက်ဖို့ တောင်စောင့်ရတယ်၊ အစ်မရဲ့ အသိမိတ်ဆွေ ထဲမှာလည်း   တချို့ကဆေးမထိုးရဲကြဘူး၊  ဒီနေ့ ဆေးလာရောက်ထိုးနေကို အစ်မ  မြင်တွေ့ရတော့ အစ်မရဲ့ အသိမိတ်ဆွေ ဖုန်းဆက်အကြောင်းကြားပြီး ဆေးသွားရောက်ထိုးနှံဖို့ တိုက်တွန်းရမယ်။  ။ 

မောင်ပိုင်စိုးဦး (၂၄)နှစ် ၊ အရောင်းအဝယ်

တံတားဦးမြို့ ၊ အမှတ်(၂)ရပ်ကွက်

မေး။   အစ်ကိုအနေနဲ့ ကာကွယ်ဆေးမထိုးခင်နဲ့ ထိုးပြီးခံစားချက်လေးကို သိပါရစေ။

ဖြေ။    ကာကွယ်ဆေးမထိုးခင်မှာ  နည်းနည်းတော့ကြောက်သလိုဘဲ၊ အခုထိုးနှံပြီးတဲ့အခါ ကိုယ့်ကိုယ် အားရှိသွာသလိုဘဲ ခံစားမိတယ်၊ အစ်ကိုရဲ့ဆွေမျိုးတွေပါ လာထိုးကြတာပါ၊ ကာကွယ်ဆေးထိုးလိုက်ရလို့ စိတ်ချမ်းသာပြီးပျော်ရွှင်မိတယ်လို့ ခံစားရပါတယ်။

ရဲတင့် (တံတားဦး)