မိုင်းယောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိ

မိုင်းယောင်း ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းလျော့ကျလာသည့်အတွက် ယာယီပိတ်ထားသည့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းမြေ့စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်သင်ကြားရာတွင် မိဘ၊ ဆရာနှင့် ကျောင်းသားများ လိုက်နာရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးနှင့်ပတ်သက်၍ စနစ်တကျဖြစ်စေရေးအတွက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း