ဆီဆိုင်မြို့နယ်၌ ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဆီဆိုင် ဒီဇင်ဘာ ၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးစီးမှူးရုံးမှဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ပန်းခင်းစီမံချက်အကြောင်း ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်အတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက် လက်ကမ်း စာစောင်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဆီဆိုင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လမ်းသွားလမ်းလာ ပြည်သူများ၊ ရပ်ကွက်၊ ကျေးရွာရှိ ပြည်သူများထံသို့ နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းအတွက် လိုက်နာရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားခြင်း၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်း(၄)ရပ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အိမ်ထောင်စု လူဦးရေစာရင်း စစ်ဆေးအတည်ပြုထုတ်ပေးခြင်း စသည့် သိမှတ်ဖွယ်ရာအချက်များပါဝင်သည့် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)