ပင်လောင်းမြို့နယ် ကောင်လှိုင်းကျေးရွာတွင် ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်

ပင်လောင်း ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအတွက် မိမိတတ်မြောက်ထားသည့် ပညာရပ်များနှင့် အသက်မွေး၀မ်းကြောင်း လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ပြီး ကိုယ်ပိုင်၀င် ငွေများရှာဖွေနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ရန်ပုံငွေများချမှတ်၍ သင်တန်းအမျိုးမျိုးဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း စင်းတောင်း ကျေးရွာ အုပ်စု၊ ကောင်လှိုင်းရွာတွင်လည်း ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်၀င်းကဌာန၏ လုပ်ငန်းစဉ်များနှင့် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ခွန်မောင်ထူးက သင်တန်းတွင် ပို့ချမည့် ပညာရပ်များအကြောင်း တင်ပြဆွေးနွေးခဲ့သည်။

သင်တန်းသို့ ကောင်လှိုင်းကျေးရွာ၊ ကောင်မှီးအပေါ်ရွာ၊ တောင်ဗာကျေးရွာများမှ သင်တန်းသား (၂၀) ဦးတက် ရောက်ကြပြီးသင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်းနှင့် သင်တန်း အား ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက် များနှင့်အညီ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)