ကျောက်မဲမြို့နယ်၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၀ ဦး ထပ်မံတွေ့ရှိ

ကျောက်မဲ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှ ယမန်နေ့အထိ မွန်းလွဲ ၃ နာရီအတွင်း စစ်ဆေးချက်များအရ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသူ ၁၀ ဦးထပ်မံတွေ့ရှိကြောင်းကျန်းမာရေးဌာနမှ သိရသည်။

ကျောက်မဲခရိုင်ပြည်သူ့‌ဆေးရုံမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား သူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာသူများနှင့် Mask မတပ်ဘဲ မြို့တွင်းသွားသူ စုစုပေါင်း ပြည်သူ ၃၀၀ ဦးအား ကိုဗစ် - ၁၉ ပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေး‌ပေးခဲ့ရာ  ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသူ ၁၀ ဦးတွေ့ရှိရပြီး  ၎င်းတို့မှာ  တောင်ချေကျေးရွာ၊ အ.လ.က(ခွဲ)ကျောင်းမှ  ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ နိုဝင်ဘာ  ၃၀ ရက်နေ့  နေ့လယ် ၁၂ နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၁၈၅၅ ဦး၊ ကုသဆဲလူနာ ၃၃ ဦး၊  သေဆုံးသူ ၁၀၄ ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)