ရန်ကုန် ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ ရေစီးရေလာ ကောင်းမွန် စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ (၁)လမ်းရှိ လမ်းနှင့် မလွတ်သည့် သစ်ပင်၊ သစ်ကိုင်းများ ရှင်းခြင်း၊ အမှိုက်များ၊ ချုံနွယ်များနှင့် မြက်များကို ယနေ့ နံနက်(၈)နာရီအချိန်က ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာ ရေးဌာန ပတ်ဝန်းကျင်သန့်ရှင်းရေးမှ (၁၀)ဦး၊ ရေစီးရေလာမှ (၅)ဦး၊ ပန်းဥယျာဉ်မှ (၅)ဦးနှင့် မြို့နယ်ရုံးမှ(၅)ဦး စုစုပေါင်း ဝန်ထမ်း(၂၅)ဦးက လမ်းဘေးရှိ သစ်ပင်၊ သစ်ကိုင်းများ ရှင်းခြင်း၊ အမှိုက်များ ရှင်းခြင်း၊ ချုံနွယ်များ ရှင်းခြင်း၊ မြက်များရှင်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး အမှိုက်များကို ထိန်ပင်အမှိုက်ကုန်းသို့ အမှိုက်သယ်ကားဖြင့် စနစ်တကျပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ သည်။
ဇွဲထက်ကို(ပြန်/ဆက်)