ကျောက်ဆည် ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၉)နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ သက်သားပျောက်ကင်းသူ(၅၈၆)ဦးနှင့် ဆေးဝါးကုသမှုခံယူနေသူ (၆)ဦး ရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးခြင်း၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသူများအား Test Kit ဖြင့်စစ်ဆေး ပေးခြင်း၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာစေရေး ရပ်ကွက်/ ကျေးရွာများတွင် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား ကျောက်ဆည်မြို့ ထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျ ဆေးကုသ ပေးလျက် ရှိကြောင်း သိရsသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသ (၆၉၆)ဦး၊ ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာ ရေးကောင်းမွန်၍ ဆေးရုံမှပြန်လည်ဆင်းခွင့်ရရှိသူ(၅၈၆)ဦး၊ သေဆုံးသူ အမျိုးသား(၅၂)ဦး၊ အမျိုးသမီး (၅၂)ဦး စုစုပေါင်း(၁၀၄)ဦးနှင့် ဆေးဝါးကုသူမှုခံယူနေသူ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၄)ဦး၊စုစုပေါင်း(၆)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။
သက်မောင်(ကျောက်ဆည်)