ဗန်းမော် ဒီဇင်ဘာ ၁
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်အတွင်းဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကို နိုဝင်ဘာ ၃ဝ ရက် နံနက် ၁၀ နာရီက ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗန်းမော်ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီဥက္ကဌ ဦးခင်မောင်လွင်က မိမိတို့ ခရိုင်အတွင်းဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံကိန်းရေးဆွဲရာတွင် ပညာရေး၊ ကျန်းမာရေး၊စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် ကဏ္ဍအလိုက်စနစ်တကျ စိစစ်ရေးဆွဲရ မည်ဖြစ်ကြောင်း ယခုအခါ ရေးဆွဲထားသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးအထိ (၅)နှစ် ဒေသန္တရစီမံကိန်းမူဘောင်ကို မိမိတို့ ကော်မတီမှ စိစစ်၍ အတည်ပြု ရေးဆွဲဆောင်ရွက် ရမည်ဖြစ်ကြောင်း လမ်းညွှန်အမှာစကားပြောကြားသည်။ ယင်းနောက် ဗန်းမော်ခရိုင်စီမံကိန်းရေး ဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ အတွင်းရေးမှူး ဦးလှိုင်ဦးက ကော်မတီမှုနှင့် လုပ်ငန်းတာဝန်များကို လည်းကောင်း၊ ရေးဆွဲထားသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးအထိ (၅)နှစ် ဒေသန္တရစီမံကိန်းမူကြမ်းကို ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက ဆွေးနွေးတင်ပြကြကာ လိုအပ်သည်များကို ဗန်းမော်ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ