မုဒုံမြို့နယ်တွင် လူမှုစီးပွားအထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းဖွင့်ပွဲ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မုဒုံ      နိုဝင်ဘာ        ၃၀                                                 

မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာန၊  အမျိုးသမီးအိမ်တွင်းမှု    သက်မွေးပညာသင်တန်းကျောင်းတွင်    ယနေ့နံနက်ပိုင်းက အဆင့်မြင့်အိမ်တွင်းမှု  စက်ချုပ်သင်တန်း အမှတ်စဉ်(၃)နှင့်  မွန်ရိုးရာ     လက်ရက်ကန်း   သင်တန်း အမှတ်စဉ်(၂၀)သင်တန်း ဖွင့်ပွဲကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင်  ပြည်နယ်ဝန်ကြီးချုပ်က သထုံမြို့နယ်နှင့်ရေးမြို့နယ်တွင်လူငယ်သင်တန်း ကျောင်း(၂)ကျောင်း ဖွင့်လှစ်ထားကြောင်း၊  မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တွင် အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာ    သင်တန်းကျောင်းများ   ဖွင့်လှစ်ကာ တိုင်းရင်းသူများကို    အဆင့်မြင့် စက်ချုပ်နှင့် အိမ်တွင်းမှုဘာသာရပ်များ သင်ကြားပို့ချပေး လျက်ရှိကြောင်း၊   အမျိုးသမီးငယ်များ   လူမှုစီးပွားဘဝ ဝြည့်စုံစေရေးအတွက်သက်မွေးပညာသင်တန်းများကို  စဉ်ဆက်မပြတ် အခမဲ့ဖွင့်လှစ်ပေးလျက်ရှိရာ၊ အိမ်တွင်းမှု ဘာသာ ရပ်အပြင် ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေး၊ အခြေခံရှေးဦးသူနာပြု၊  မီးဘေးနှင့်    သဘာဝဘေး အန္တရာယ်  ကြိုတင် ကာကွယ်ရေးဘာသာရပ်များ ထည့်သွင်းပို့ချပေးရန် စီစဉ်ထားကြောင်း ပြောကြားသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  သင်တန်းသူများ  ပြုလုပ်ထားသည့်  သိုးမွေး တစ်ရှူး ဘူး၊ လက်ကိုင်ခြင်း၊ မှန်ဇာချည်ထိုးအိတ်၊ နိုင်လွန်ချည်ဖိနပ်၊  မွန်ရိုးရာ ဝတ်စုံများ၊  စောင်၊  လက်သုတ် ချည်ပုဝါ၊ ပုဝါအရှည်၊ ခြုံပုဝါနှင့်ခေါင်းအုံးစွပ်၊ ပန်းထိုးခေါင်းအုံး၊  ဦးထုပ်၊ ပွဲတက်ပွဲထိုင် စသည့် မွန်ယဉ်ကျေးမှု လက်ရာများကို  ကြည့်ရှုအား ပေးသည်။

သင်တန်းကို  နည်းပြဆရာမ (၉)ဦးက နိုဝင်ဘာလ ၃၀ ရက်မှ မတ်လ ၃၀ ရက်အထိခေတ်နှင့် လျော်ညီသော လက်မှုပစ္စည်းများ သင်ကြားပေး ခြင်း၊ "လက်မ"နည်း"စင်တီမီတာ"နည်းဖြင့်အခြေခံမှ  စ၍ သင်ကြားမည့်အပြင် အခြားအိမ်တွင်းမှုသက်မွေးပညာရပ်များကို  စာတွေ့၊လက်တွေ့ သင်ကြား ပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းသို့  မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှသင်တန်းသူ (၄၀)ဦး  တက်ရောက်ကြမည်ဖြစ်ပြီး ၂၀၀၅ခုနှစ်၊ မေလမှစတင်ကာ     အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်း ကျောင်းမှ ဒေသခံ သင်တန်းသူ (၂၃၁၇) ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)