ကွမ်းခြံကုန်း နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်စခန်းမှ ဦးစီးမှူးဦးမြတ်သူထိုက်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်စခန်းဦးစီးမှူး ဦးမြတ်သူထိုက်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူးဒေါ်အေးအေးယဉ်နှင့် ဝန်ထမ်း များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စျေးအကျိုးတော်ဆောင်အဖွဲ့ဝင်များက မြို့မစျေးအတွင်း အပြင်ရှိလုံခြုံရေး မီးတပ်ဆင် ဆောင်ရွက်ထားရှိမှု၊ စျေးဆိုင်ခန်းများအလိုက် လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးသတ်ဆေးဗူး ဆောင်ရွက်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ပစ္စည်း ကိရိယာများထားရှိမှု၊ အရေးပေါ် အခြေအနေများတွင် အသုံးပြုနိုင်မည့် မီးသတ်ပစ္စည်းကြံ့ ခိုင်မှု ရှိ/မရှိနှင့် ရေငုတ်များ ရေထွက်ရှိမှုများ အခြေအနေ များအား စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှုး ဒေါ်အေးယဉ်က မြို့မစျေး မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအား လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
ဆွေနွယ်