ပခုက္ကူမြို့၊ အမှတ်(၁) မြို့မစည်ပင်သာယာဈေးကြီး မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၊ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပခုက္ကူ  နိုဝင်ဘာ  ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်() မြို့မစည်ပင်သာယာဈေးကြီး မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန် က ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ အမှတ်() မြို့မစည်ပင်သာယာဈေးဌာနစိတ်ရုံးခန်းမ၌ အစည်းအဝေးကျင်းပရာ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလှိုင် က ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် ဈေးကြီးအတွင်း မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည်များ ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြရန် ပြောကြားသည်။ ထို့နောက် ပခုက္ကူမြို့နယ် စည်ပင်ယာသာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်း က မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အကြောင်းနှင့် ဈေးကြီးအတွင်း လုပ်ငန်းလည်ပတ်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် () ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကျော်သူ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်သန့်၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ဈေးရုံကိုယ်စားလှယ်များ က ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

ဆက်လက်၍ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ အဖွဲ့ဝင်() ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကျော်သူ၊ အဖွဲ့ဝင်() ဗိုလ်မှူးအောင်မျိုးသူနှင့် အဖွဲ့ဝင်များက မြို့မစည်ပင် သာယာဈေးကြီး အတွင်း/အပြင် လုံခြုံစိတ်ချရမှု ရှိ/မရှိ၊ အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ၊ အပေါ့စား မီးသတ်စက်နှင့် ပိုက်ခေါင်းများ၊ မီးချိတ်မီးကပ်နှင့်ရေပုံး၊ သဲပုံးများစသည့် မီးဘေးကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများ စနစ်တကျ တပ်ဆင်ထားရှိမှု ရှိ/မရှိ၊ ဈေးဆိုင်ခန်းများအလိုက် လျှပ်စစ်မီးစနစ်တကျရယူသုံးစွဲနေမှု ရှိ/မရှိ၊ ယာယီဝါယာကြိုးသွယ်တန်းထားရှိမှု အခြေအနေ၊ မီးဘေးအန္တရာယ်နှင့် အရေးပေါ်ကြုံတွေ့လာပါက ရေတွင်း၊ ရေကန်များ၊ မြေတွင်းအုတ်ရေလှောင်ကန်များတွင် ရေရယူသုံးစွဲနိုင်ရန် ရေအဆင်သင့်ထားရှိမှု ရှိ/မရှိ၊ မီးဘေးအန္တရာယ် သတိပေးပိုစတာဆိုင်းဘုတ်များနှင့် အရေးပေါ်ဆက်သွယ် အကြောင်းကြားနိုင်မည့် ဖုန်းနံပါတ်များ ကြေညာကပ်ထားမှု ရှိ/မရှိ အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြရာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းနှင့် ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်း ပြသခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်းများ ပြုလုပ်ကြသည်။

ပခုက္ကူမြို့၊ အမှတ်() မြို့မစည်ပင်သာယာဈေးကြီးသည် အလျား (၇၉၄)ပေ၊ အနံ (၂၉၇) ပေ ကျယ်ဝန်းရှိသည့် အုတ်နံရံ၊ ကွန်ကရစ်ကြမ်းခင်းနှင့် သွပ်မိုးအဆောက်အဦတစ်ခုဖြစ်ပြီး ဆိုင်ခန်းပေါင်း (၁၂၇၂)ခန်းရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)