ရမ်းဗြဲ နိုဝင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ရမ်းဗြဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အဆိုပါပေးအပ်ပွဲတွင် ပန်ခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့သည့် ကျေးရွာအုပ်စု(၁၁)အုပ်စုအနက် ပြုလုပ်ဆောင်ရွက်ပြီး ကျေးရွာအုပ်စုများ ဖြစ်ကြသည့် ဟုံးဝအုပ်စု၊ ကျောက်ဆောက်အုပ်စု၊ ချောင်းဝအုပ်စု၊ အလယ်ချောင်းအုပ်စု၊ ချောင်းဖျားကြီးအုပ်စု၊ ကုလားပုန်းအုပ်စု၊ လမုခြေအုပ်စု၊ ကျောက်နဂါးအုပ်စုနှင့် အောင်လှပြင်အုပ်စု၊ ကျေးရွာအုပ်စု(၉)ခုမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၁၆ )ခုနှင့် အိမ်ထောင်စု လူဦးရေစာရင်းတွင် အိမ်ထောင်စုခွဲ(၅၂)ခုနှင့် မိတ္တူ (၅၅)ခု စုစုပေါင်း(၁၀၂)ခုတို့ကို ရမ်းဗြဲမြို့နယ်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် လူဝင်မှုကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြို့တို့မှ ပေးအပ်ပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)