တံတားဦး နိုဝင်ဘာ ၃၀
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)အထက် ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စုရပ်အသီးသီး၌ ကိုဗစ်-၁၉ရောဂါ ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း တံတားဦးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည် ။
တံတားဦးမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန် အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိ သူများ၊ ဌာန ဆိုင်ရာများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုး ရန် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းထားပြီး ကာကွယ်ဆေးထိုးနှံရန် (၄)နေရာ ခွဲကာ ဆောင်ရွက်ထားကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးမည့် နေရာများကတော့ အ.ထ.က ၊ တံတားဦး ၊ အ.ထ.က ချောင်းခွ ၊ အ.ထ.က တောင်ပြုံး ၊ အ.ထ.က(ခွဲ)တပယ်တို့ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကာကွယ်ဆေးများ ထိုးနှံခြင်းအားဖြင့် ဆေးထိုးပြီးကလေးများအနေဖြင့် ရောဂါကို စိုးရွံ့မှု မရှိဘဲ ပညာသင်ကြားနိုင်ပြီး၊ ကလေးများအချင်းချင်းကြားတွင် ရောဂါဖြစ်ပွားမှုကို ဟန့်တားကာကွယ် ထိန်းချုပ်နိုင်ပြီး စာသင်ကျောင်းမှတစ်ဆင့် ပြည်သူများသို့ ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ကူးစက်မှုကိုလည်း ကာကွယ်နိုင်ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်ထံမှသိရသည်။
ရဲတင့်(တံတားဦး)