မိုင်းယုမြို့၌ ကျေးရွာအုပ်စုများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) စတုထ္ထ အသုတ်  ပထမအကြိမ် ကွင်းဆင်းထိုးနှံ

မိုင်းယု နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့အတွင်းရှိ   အသက် (၁၈) နှစ်အထက် ပြည်သူများကို နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက   ကျေးရွာအုပ်စုရွာများသို့  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)စတုထ္ထအသုတ် ပထမအကြိမ် ကွင်းဆင်း ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကျေးရွာအုပ်စုများသို့ မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရွာသူကြီးများ၊ ရပ်ကျေးစာရေးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းကာ အသက်(၁၈)နှစ်အထက်  ဒေသခံပြည်သူ မြို့မ ရပ်ကွက်မှ(၁၀)ဦး၊ တာကြန့်ကျေးရွာ အုပ်စုမှ(၁၆)ဦးနှင့် မိုင်းလွေကျေးရွာ အုပ်စုမှ (၂၉ )ဦး၊ စုစုပေါင်း (၅၅)ဦးတို့ကို ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ကိုယ်ပူချိန်များ တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)