တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မူဆယ်နယ်စပ် နန်းတော်ဂိတ်တွင် ဆက်လက်လက်ခံပေးလျက်ရှိ

မူဆယ်         နိုဝင်ဘာ      ၃၀

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မူဆယ်နယ်စပ် နန်း‌တော်ဂိတ်မှ ပြန်လည်လက်ခံပေးလျက်ရှိရာ ယမန်နေ့  နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နန်းတော်ဂိတ်သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅၀ ဦး၊ အမျိုးသမီး ၁၆၆ ဦး၊ စုစုပေါင်း ၃၁၆ ဦးကို ပြန်လည်လက်ခံခဲ့သည်။

မူဆယ်နယ်စပ် နန်းတော်ဂိတ်မှ နေရပ်ပြန်များ စတင်လက်ခဲ့သည့် (၂၆.၇.၂၀၂၁) မှ ယနေ့ (၂၉.၁၁.၂၀၂၁) အထိ အမျိုးသား ၈၅၉၈ ဦး၊ အမျိုးသမီး ၇၅၁၀ ဦး၊ နေရပ်ပြန်သူစုစုပေါင်း ၁၆၁၀၈ ဦးအား လက်ခံပေးလျက်ရှိပြီး နေရပ်ပြန်နိုင်ငံသားများ၏ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိရာ မိမိဒေသအသီးသီးသို့ ရောက်ရှိနိုင်ရေး မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အယ်လ်စိုး (မူဆယ်)