ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကျောက်ဆည်  နိုဝင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများ ကာကွယ်ဆေးထိုးရာတွင် အဆင်ပြေစေရေးအတွက် နေရာ(၂)နေရာခွဲပြီး ယနေ့ နံနက်(၉)နာရီခွဲက စတုတ္ထအသုတ်(ပထမ)အကြိမ်နှင့် တတိယအသုတ် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ ပြည်သူများ စိတ်အေးချမ်းသာစွာရှိစေရေး  စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး နိုဝင်ဘာ(၁၁)ရက်နေ့မှစတင်ပြီး စတုတ္ထအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံက်(၉)နာရီ အချိန်အထိ ပြည်သူ(၁၃၂၉၉)ဦးအား ကာကွယ်ဆေးများ ထိုးနှံ ပေးပြီးဖြစ်ကြောင်း  သိရသည်။

တတိယအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အောက်တိုဘာ(၁၂) ရက်နေ့မှ စတင်ပြီး ထိုးနှံပေးလျက်ရှိရာ သံဃာတော်နှင့်သီလရှင်(၆၉)ပါး၊ အစိုးရကျန်းမာရေးဝန်ထမ်း (၁)ဦး၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း(၁၁)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်(၃)ဦး၊  နိုင်ငံဝန်ထမ်း (၁၂၃)ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်း(၁၄၀)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ကိုင်သူ(၁၅၂)ဦး၊ ဟိုတယ်/ တည်းခိုခန်းလုပ်ကိုင်သူ(၄)ဦး၊ ပုဂ္ဂလိက ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူ(၁၇)ဦး၊ ပုဂ္ဂလိကပညာရေး ဝန်ထမ်းဝန်ထမ်း (၁၆)ဦး၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်(၆)ဦး၊ အခြားဝင်ငွေရ ပြည်သူ(၆၇၀၃)ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူ(၁၈)ဦး၊ မှီခိုပြည်သူ(၂၄၈၄)ဦး၊  မသန်စွမ်းသူ(၃)ဦး၊ စုစုပေါင်း (၉၇၅၀)ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးပေးပြီးဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

သက်မောင်(ကျောက်ဆည်)