ချမ်းအေးသာစံ နိုဝင်ဘာ ၂၉
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာနှင့် ထိတွေ့ခဲ့သည့် သီလရှင် (၉)ပါးအား အာခေါင်တို့ဖတ် ရယူ၍ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၉ လမ်းနှင့် ၆၀ လမ်းကြား၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ဆူးဖြူသာသနာ့ရိပ်သာတွင် ဆောင်ရွက်ခဲ့သည်။
ယင်း စစ်ဆေးခြင်းကို ချမ်းအေးသာစံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလင်းလင်းချစ် ဦးစီးသော ကျန်းမာရေး ဝန်ထမ်း (၅) ဦး အဖွဲ့က ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ သီလရှင် (၉) ပါး၌ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်းနှင့် ထိုစစ်ဆေးရာနေရာသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကန်ကောက်ရပ်ကွက အုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ သီလရှင် (၉) ပါးအား သီးခြားကျောင်းဆောင်၌ထားရှိ၍ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
ထိပ်ထားနိုင်