ကျေးသီးမြို့နယ်၌ ဟော်ခမ်းကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကို RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေး

ကျေးသီး     နိုဝင်ဘာ   ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ဟော်ခမ်းကျောင်းတိုက်ဘုန်းတော်ကြီး ကျောင်းတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များအား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကို RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့ နံနက် (၈) နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု ကွင်းဆက်ဖြတ်တောက်နိုင်ရန်အတွက် အထူးစီမံချက်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဟော်ခမ်းကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော် (၃) ပါး၊ ကိုရင် (၄၂) ပါးနှင့် သီလရှင် (၂)ပါး စုစုပေါင်း (၄၇) ပါး တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကို RDT Test Kit ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါ (၄၇) ပါး၌  ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း  သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော် မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးထူးထက်၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းတို့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသည့် ဘုန်းတော်ကြီး ကျောင်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နန်းမွမ်းဆိုင်(ကျေးသီး)