မိုင်းယု နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့ အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများကို ယနေ့ နံနက် ၈ နာရီက မြို့မ ရပ်ကွက်ရှိ ကားကြီးကွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) စတုထ္ထအသုတ် ပထမအကြိမ် ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စတုထ္ထအသုတ် ပထမအကြိမ် ထိုးနှံရာသို့ မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၏ ဦးအောင်ပြည့်ဖြိုး၊ စခန်းမှူး ရဲအုပ်အောင်ဇော်မင်းတို့၏ ကြီးကြပ်မှုဖြင့် ကော်မတီ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ဦးဆောင်ကာ အသက်(၁၈)နှစ်အထက် ဒေသခံ ပြည်သူ မြို့မရပ်ကွက်မှ (၃၉) ဦး၊ တာကြန့်ကျေးရွာ အုပ်စုမှ(၄၂)ဦး၊ ဒွန်းနွဲ့ကျေးရွာ အုပ်စုမှ (၅) ဦးနှင့် မိုင်းလွေကျေးရွာ အုပ်စုမှ (၃၄)ဦး၊ စုစုပေါင်း (၁၂၀)ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုယ်ပူချိန်များ တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း နှင့် ဆေးထိုး နှံခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင် (မိုင်းယု)