ညောင်ဦး နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု နိုဝင်ဘာ ၂၉ ရက်နေ့ထိ ၆၅၈၆ ဦး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ပညာရေးဦးစီးဌာန၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်ထံက သိရသည်။
အဆိုပါ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများ ဆေးထိုးသည့်သတ် မှတ်စုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကျောင်းသားကျောင်းသူများအား ထိုးနှံပေးနိုင်ရန် သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးနိုင်ရေး ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူများ၊ မိဘဆရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ သင်ကြားရေးဆရာဆရာမများ ပူးပေါင်းကာ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးနေလျက်ရှိ ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ ၄၀၀၀ ဦး အခြေခံပညာ အလယ်တန်းကျောင်းသားကျောင်းသူ ၁၇၀၇ ဦး ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ ၂၀၉၂ ဦးရှိပြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာ အထက် တန်းကျောင်းသားကျောင်းသူ ၁၄၅၁ ဦး၊ အခြေခံပညာ အလယ်တန်း ကျောင်းသား ကျောင်းသူ ၆၅၄၂ ဦး ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသည့် ကျောင်းသားကျောင်းသူ ၇၉၉၃ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ညောင်ဦးခရိုင်အတွင်း အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရေး သတ်မှတ်စုရပ်များတွင် ထိုးနှံပေးနိုင်ခဲ့ရာ ညောင်ဦးမြို့နယ်တွင် ၂၀၉၁ ဦး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၄၄၉၄ ဦးထိုးနှံပေးနိုင် ခဲ့ပြီး စုစုပေါင်း ၆၅၈၆ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း သတ်မှတ်ဆေးခွဲတမ်းများအလိုက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ကိုထိန်၊KPD