မိုင်းယောင်း နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသမှ တိုင်းရင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့က ကျေးရွာအရောက် ထိုးနှံပေးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ ဦးဆောင်ပြီး ဝေးလံခေါင်သီ၍ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသဖြစ်သည့် မိုင်းဟစ်၊ မိုင်းပန်း၊ ဝမ်ဖနှင့် ဝမ်ဖုတ်ကျေးရွာမှ တိုင်းရင်းသားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို ထိုးနှံပေးခဲ့သည်။
ထို့ပြင် ဆေးစိမ်ခြင်ထောင်များ အသုံးပြုနည်းနှင့် ဌက်ဖျားအန္တရာယ် အကြောင်းကို ဆွေးနွေးပြီး ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း