အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲဆုချီးမြှင့်ပွဲပြုလုပ်

ဘီးလင်း နိုဝင်ဘာ ၂၉

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်နေ့မှ စတင်၍ ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ပေးခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲကို ဘီးလင်းမြို့နယ်အတွင်းရှိ စစ်တုရင်ဝါသနာရှင် ၁၂ ဦးက အုပ်စု ၂ စုခွဲ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းအုပ်စု ၂ စုအတွင်းမှ အမှတ်အများဆုံးရရှိသူ သုံးဦးစီက ပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်စေခဲ့​ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို ရွေးချယ်ပေးခဲ့သည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ စစ်တုရင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ နှင့်နှစ်သိမ့်ဆု ရရှိသူများအား မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံနှင့် ဆုချီးမြှင့်ရာတွင် ပံ့ပိုးကူညီပေးသူ အလှူရှင် ဦးအောင်ကိုကိုမင်းတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထူးနောင်ဘီးလင်း(ပြန်/ဆက်)