သာကေတ နိုဝင်ဘာ ၂၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ဘဝရှေ့ဆောင် စာကြည့်တိုက် နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီတွင် ဘဝရှေ့ဆောင်စာကြည့်တိုက်၌ ကျင်းပခဲ့ သည်။
ရှေးဦးစွာ ဘဝရှေးဆောင်စာကြည့်တိုက်ဥက္ကဋ္ဌ ဦးလှမြင့်မှ ၂၀၀၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သော ဘဝရှေ့ဆောင် စာကြည့်တိုက် ယနေ့ချိန်ထိ ရပ်တည်နိုင်ခြင်းမှာ စာကြည့်တိုက်ကော်မတီဝင်များမှ ကြိုးစားဆောင်ရွက်မှု၊ မတည်အလှူရှင်များနှင့် ရပ်မိရပ်ဖများ၏ ကူညီကြိုးပမ်းမှုများသာ ဖြစ်ပြီး ရှေ့ဆက်ရပ်တည်နိုင်ရေး ဆောင်ရွက်မည့် မျှော်မှန်းချက်များအား ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖေသော်ရီ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆောင်းနှင်းဖြူတို့မှ ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့ သည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်အဖြစ် ဘဝရှေ့ဆောင်စာကြည့်တိုက်တွင် တစ်နှစ်ပတ်လုံး စာဖတ်၊ စာငှား အများဆုံး(၃)ဦးအား ရွေးချယ်ပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု(၃)ဆုကို အသီးသီးချီးမြှင့်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
သာကေတမြို့နယ် ရပ်ကွက်(၁၉)ရပ်ကွက်တွင် စာကြည့်တိုက်မှတ်ပုံတင်ပြီးသည့် ရပ်ကွက်စာကြည့်တိုက် (၁၆)တိုက်ရှိကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)