နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့ အရေးပေါ်လူနာတင်ယာဉ်လှူဒါန်း

နောင်ချို နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်း အတွက် ကျပ်သိန်း (၂၀၀)တန်ဖိုးရှိ အရေးပေါ်လူနာတင်ယာဉ်အား ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးရပ်ကွက် အလှူဒါယကာ ဦးမြညွှန့်၊ မအေးမေမွန်၊ ကိုရဲနောင်တို့အား ရည်စူး၍ ဘုရား၊ သိမ်၊ ကျောင်း၊ ရဟန်း ဒါယိကာမကြီး ဒေါ်တင်ရီနှင့် သား၊ သမီးမိသားစုများက  ယမန်နေ့က  လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။

အဆိုပါ အရေးပေါ်လူနာတင်ယာဉ်သည် အသွင်သဏ္ဍာန်နှင့် အနှစ်သာရ နှစ်မျိုးလုံးပြည့်စုံအောင်ပေါင်း စပ်ထား သော (ပြည်တွင်းဖြစ်) အရေးပေါ်လူနာတင်ယာဉ် AMBULANCE ဖြစ်ပြီး လူနာတင်ယာဉ်အတွင်းခန်း လေထု သန့်စင်မှု တိုင်းတာခြင်း၊ အောက်ဆီဂျင်စက်မှ ထွက်ရှိလာသော အောက်ဆီဂျင်သန့်စင်မှု ပမာဏတိုင်းတာ ခြင်းများ လုပ်ဆောင်ခြင်း၊ အောက်ဆီဂျင်စက်မှ စွန့်ထုတ်လိုက်သည့် အန္တရာယ်ရှိသော လေကို လူနာတင်ယာဉ် အပြင်ဖက်သို့ ပိုက်လိုင်းများမှ တစ်ဆင့် စွန့်ထုတ်နိုင်ရန် စီစဉ်ထားရှိခြင်း၊ စက်၏အပူရှိန် မတက်ပဲ အချိန်ကြာ မြင့်စွာမောင်းနှင်နိုင်ရန် အအေးပေးအပူစွန့်ထုတ်ခြင်း(Fan)တပ်ဆင်ထားခြင်း၊ လူနာတင်ယာဉ်တွင် ECG/ သွေး

ပေါင်ချိန်နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ အောက်ဆီဂျင်တိုင်ခြင်းများ ပြုလုပ်နိုင်ရန် ပေးရှင်းမော်နီတာတပ်ဆင် ထားခြင်း၊ ချွဲပျော်စက်နှင့် ချွဲစုပ်စက်များကိုလည်း တပ်ဆင်ထားရှိသည့်အပြင် အရေးပေါ်သုံးရန် 15-L အောက်ဆီဂျင်အိုး တစ်လုံးကိုလည်း အရံတပ်ဆင်ပေးထားခြင်းတို့ဖြင့် လူနာများ၏ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းမှ သိရသည်။

သဖန်းကိုင်းပရဟိတ လူမှုကူညီရေအသင်းတွင် ကိုဗစ်-၁၉ ကုသရေးစင်တာထားရှိပြီး ပိုးတွေ့လူနာများ၏ ကျန်းမာရေးကိစ္စများကို အတိုင်ပင်ခံ သမားတော်(၁)ဦး၊ ဆရာဝန်(၁)ဦး၊ သူနာပြု(၄) ဦးတို့ဖြင့်ဆရာတော်မှ အနီး ကပ်ကြီးကြပ်ကာ ကျန်းမာရေးစောင့်ရှောက်ပေး လျက်ရှိကြောင်း၊ လူနာများအတွက် သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီး၊ အောက်ဆီဂျင်၊ နေရာထိုင်ခင်း၊ စားသောက်ရေး၊ ဆေးဝါးပစ္စည်းများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်ချက်များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သော နေရာများသို့  ပိုးသတ်ဆေးဖျန်းပေးခြင်းများအပြင် အခြားကျန်းမာရေးကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း  သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ  သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)