မိုင်းရယ် နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် ပြည်သူများအား ကျေးရွာ အရောက် ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ယမန်နံနက် ၉ နာရီက ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂)အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂)အတွင်းရှိ ပြည်သူများအား မိုင်းရယ်မြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးအရာရှိဦးစိုးနိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမျိုးကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညွှန့်လှိုင်တို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ မိုင်းရယ်မြို့နယ်၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂)အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် ပြည်သူ (၄၆)ဦးအား အိမ်ထောင်စုလူဦးရေစာရင်း (၁၀)ခုနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား (၃၆) ခု တို့ကို ပြုလုပ်ပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။
ကျော်ဇင်ထိုက်