တန့်ယန်း နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်က အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်းဟောပြောပြီး (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျင်ပပြုလုပ်ခဲ့သည့် အခြေခံပညာ အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် ကာတွန်းပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား စစ်ဗျူဟာအဖွဲ့(အခြေချ)တန့်ယန်းမှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ခွန်အောင်သွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး