တံတားမြို့တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင်အခမဲ့ ဖြန့်ဝေ

တံတား  နိုဝင်ဘာ   ၂၇

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ တံတားမြို့တွင်(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များကို ပြည်သူများ၏ ရင်ထဲ၌ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်း နေစေရန် နှင့်အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်နိုးကြား စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့မဈေး၊အထက ကျောင်းနှင့်ကားဂိတ်တို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  လက်ကမ်းစာစောင်တွင်  ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ၂၀၂၁ ခုနှစ်  ဧပြီ ၁၁ ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊အမျိုးသား‌ရေးစိတ်ဓာတ်အေးအတူပူအမျှ၊ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊  အမျိုးသားအောင်ပွဲနေ့ အစရှိ သည့် အကြောင်းအရာများ၊ ရေနံ့သာမောင် ကျော်ညွန့် ရေးသားသော ဘုန်းရှင့်မြန်မာ တို့မြန်မာ ၊ကဗျာ အစရှိသည့် ဗဟုသုတရရှိမည့်အကြောင်းအရာများ  ပါဝင်သည့် သတင်းစကား လက်ကမ်းစာ‌စောင်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စောင်ရေ (၂၀၀)ကိုအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

 

မိုးဖြူလွင်